TharlattSeptember 15, 20111min1226
လမင်းသို့ ဒိုင်ယာလောခ့် ***မျှော်လင့်ချက်ဆီးနှင်းတွေကို အရည်ဖျော်ပစ်မယ့်  နံနက်ခင်းနဲ့မဆုံချင်ဘူး တိမ်ရောင်စုံတွေ  အုပ်စုဖွဲ့ပျံသန်းလို့ ပုဇွန်ဆီရောင်ညနေခင်းကလက်ပြခွဲခွါ ပိန်းပိတ်အောင ်မှောင်လာမယ  ့်ညတဖက်မှာ တောက်ပရွှန်းမြတဲ့  လမင်းရှိနေတယ် …..၊၊ ***ပွယောင်းယောင်း  ဆန္ဒတစုံနဲ့ အဆိပ်သင ့်  အနာဂတ်နေ့တွေကြောင့် စွဲလမ်းမှု ကမ်းပါးစွန်းက တဖြည်းဖြည်းနိမ့်ဝင်   ပျောက်ကွယ်မသွားပါနဲ့ ဘောလုံးတပွဲလို ပွဲသိမ်းခရာမှုတ်တော့မှ    အနိုင်အရှုံးအကြောင်းပြောကြရအောင် နာကျင်အချိန်ပိုတွေမှာ ဘဝအတွက် ရင်ခုန်ချင်သေးတယ်…..၊၊ ***တကယ်ဆို ကိုယ်ဟာ ချိုမြိန်တဲ့   ချစ်ခြင်းဖွဲ့ တေးချင်းတွေ မသီဆိုတက်ဘူး နောင်တ အကြိမ်ကြိမ်ရပြီး ဘယ်တော့မှ မပြင်ဖြစ်ဘူး မိုးရွာတိုင်းပွင့်တဲ့   ပန်းတွေကို မလိုချင်ဘူး အဝေးကွင်းတွေမှာဖိအားကြောင့်   ခြေမှန်မပေါ်တက်ဘူး…..၊၊ ***ဂျိုးအထပ်ထပ်ကပ် ဆင်ခြေဖုံးရပ်ကွက်ထဲက   လဖက်ရည်ခွက်လို ဘဝကို   အဖန်ဖန်ကွေးညွှတ်ရင်း အဲဒီလရောင်အောက်က   လူတယောက်ဟာ ကာဒီယိုနူရိုးဆစ်ရောဂါဖြစ်နေတယ်…..၊၊ […]