search123October 14, 20101min490
တစ်နေ့လျင် တစ်နာရီမျှ လမ်းလျှောက်ခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ထက်ဝက်မျှ လျော့နည်းစေကြောင်း သိရှိရသည်။ ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းခဲ့သည်။ သုတေသန ပြုလုပ်မှု တစ်ခုအရ တစ်နေ့တစ်နာရီမျှ ပုံမှန်လမ်းလျှောက်ခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးများသည် တစ်ပါတ်အတွင်းမှာပင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၅၅)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရသည်။ ဆရာဝန်များက ရင်သားကင်ဆာ ဖြစ်ပေါ်စေသော အကြိတ်ဆဲလ်များ ဖြစ်ပေါ်စေမှုမှာ သာမန်အခြေအနေအောက် ထက်ဝက်အထိ ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ဗြိတိန်အမျိုးသမီး (၄၀၀၀၀)ခန့်သည် နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာနှင့် ကြုံတွေ့နေရပြီး (၁၂၀၀၀)ခန့် သေဆုံးနေကြသည်။ ရင်သားကင်ဆာသည် မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး၊ ခန္ဓာကိုယ် အလေးချိန် လွန်ကဲရာမှလဲ ပေါ်ပေါက်လာတတ်သည်။ ဂျပန်နိုင်ငံ နာဂိုယာမြို့တော် […]