Ma MaMarch 12, 20131min40432
လုပ်ငန်းခွင်တိုင်းမှာ သူ့သဘာဝနဲ့သူ ရှိတတ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေ ကွာခြားသွားတာနဲ့အမျှ လုပ်ငန်းခွင်သဘာဝတွေလည်း ပြောင်းလဲကွာခြားသွားတတ်ကြပါတယ်။ မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့ ပွဲရုံလုပ်ငန်းကို မိရိုးဖလာအစဉ်အဆက်လုပ်ကိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း၂ဝ ကျော်လို့ ၃ဝနားကို ကပ်လာပါပြီ။ တချို့နိုင်ငံကြီးတွေရဲ့ ကုန်အမှတ်တံဆိပ်တွေမှာ သူတို့လုပ်ငန်းရဲ့ သက်တမ်းကြာမြင့်မှုကို ဂုဏ်ယူစွာဖြင့် Since 19…. လို့ ရေးတတ်ကြတာကို အလွန်သဘောကျတာကြောင့်……. ကိုယ့်လုပ်ငန်းမှာဆိုရင်လည်း Since 1986 လို့ ရေးချင်တယ်လို့ မိသားစုတွေကို မကြာခဏပြောဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းကြာရှည်စွာ လုပ်ကိုင်လာတာနဲ့အမျှ …. ကိုယ့်လုပ်ငန်းခွင်ရဲ့သဘာဝကို စောမေတို့က နောကြေနေတယ်လို့ဆိုလိုချင်တာပေ့ါ။ :harr: ************************************************ ကျမတို့ ရောင်းဝယ်ဖောက်ကားနေတဲ့ ရေထွက်ကုန်ပစ္စည်းဆိုတာ တာရှည်အထားမခံတဲ့ သဘာဝရှိပါတယ်။ ရက်ကြာရင် ပျက်စီးတတ်ပါတယ်။ အဲဒီသဘာဝကြောင့်ပဲ လာရောက်အပ်နှံတဲ့ ကုန်ပစ္စည်းတွေကို …. ရံဖန်ရံခါ ကုန်ပစ္စည်းအရည်အသွေးညံ့ဖျင်းတာကြောင့်သော်လည်းကောင်း၊ […]