panpanJuly 27, 20112min35325
တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့ သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ် ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေ့ါ မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ် ငွေကုန်လူပန်း သက်သာတာပေ့ါ ကုသိုလ်လည်းရတယ်၊ သတ္တဝါတွေအစာကျွေးရလို့လေ ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။ အဲဒီမှာ လူသေအလောင်း၊ သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်.. ဓါးတွေနဲ့ မွှမ်းနေပြီ ဟော..ငှက်တွေလာစားနေပြီ၊ ဓါးနဲ့မွှမ်းတာက ငှက်တွေအလွယ်တကူစားလို့ရအောင်လုပ်တာပဲ ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ.. စားလိုက်တာ ပြောင်လို့၊ အရိုးပဲကျန်တယ်၊ တော်တော်အစားပုပ်တဲ့ကောင်တွေ ငှက်တွေစားလို့ပြီးတော့ အရိုးလိုက်ကောက်ရတာပေ့ါ ခုတ်ထစ်ပြီး ဘာလုပ်မယ်မသိပါဘူး၊ မြေမြှပ်မယ်ဆိုလည်း ဝန်ပေ့ါသွားပြီပေ့ါ….။ ———————————————————————- အင်း….ကြောက်စရာကောင်းတယ်ပဲပြောရမလား ဒီတိုင်းမြေမြှပ်တာနဲ့စာရင် သန့်သွားတယ်၊ ဝန်ပေ့ါတယ်ပဲပြောရမလား ဘာမှန်းကိုမသိတော့ဘူး 🙁