ယနေ့ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ စနစ်အရ လွှတ်တော်တွေ ပေါ်ပေါက်လာခဲ့ပြီး လွှတ်တော်တွင်းမဲခွဲ ဆုံးဖြတ်ခြင်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ် အဲဒီမှာ ကျွန်တော် ဘဝင်မကျမိတဲ့ အချက်တစ်ခုကတော့ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးခြင်းကိုပါပဲ ကျွန်တော့်အနေနဲ့ကတော့ ဘယ်အဆိုပြုချက်ကို ဘယ်လွှတ်တော်အမတ်ကတော့ ကန့်ကွက်လိုက်တယ် ဘယ်အမတ်ကတော့ သဘောတူလက်ခံလိုက်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ ထင်ပါတယ် ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရာမှာ လွှတ်တော်တွင်းတင်ပဲ ပွင့်လင်းမြင်သာမှုမဟုတ်ပဲ ပြည်သူတွေအထိ သိစေနိုင်မယ့် ပွင့်လင်းမြင်သာမှုကိုသာ ဆိုလိုရင်းဖြစ်ပါတယ်   အဲဒါမှလဲ ပြည်သူတွေအနေနဲ့ ဘယ်လွှတ်တော်အမတ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အမှန်တကယ် စေတနာထားတယ် ဘယ်သူကတော့ စေတနာထားမှု သိပ်မရှိဘူး ဘယ်သူကတော့ ဝတ်ကျေတမ်းကျေပဲဆိုတာတွေကို သူတို့တွေရဲ့ ဆန္ဒမဲတွေကတဆင့် သိရှိနိုင်ပါတယ် လေ့လာနိုင်ပါတယ် အဲဒါမှလဲ နောက်ထပ်အကြိမ်တွေမှာ ဘယ်အမတ်ကိုတော့ ရွေးချယ်တင်မြှောက်ဖို့ မဖြစ်သင့်ဘူးဆိုတာတွေကို သိရှိနိုင်ပါတယ် […]