erosDecember 30, 20101min1366
မန္တလေးဂေဇတ်ကြီး ယိုယွင်းနေပါသည်။ ပိုစ့်အသစ် တင်၍မရပါ။ ကိုခိုင်၊သူကြီး၊ အယ်ဒီတာများ US New year discount shopping ထွက်နေကြသည်ထင်ပါသည်။ ပြင်ဆင်မှု မလုပ်ပေးသေးပါ။ Eros အနည်းငယ် စိတ်ညစ်နေပါသည်။ ပိုစ့်အသစ်တင်မရ၍ဖြစ်သည်။ တခြားနေရာတွင် ရေးရန်အစီအစဉ်မရှိသေးပါ။ ရေး၍မရလျှင် မရေးတော့ပါ။ အယ်ဒီတာများ မန်းလေးဂေဇတ်ကို အဆုံးသတ်တော့မည်ထင်ပါသည်။ ရန်ကုန်ဆောင်း အေးလာပါသည်။ ကြည့်မြင်တိုင်ညဈေး တွင်ဘေထုပ်များ ရောင်းကောင်းနေသည်တွေ့ခဲ့ရ၏။ စီးပွားတိုးတက်ပါစေ။ မြန်မာများ ပြည်တွင်းတွင် အဆင့်မြင့်ရာထူး၊အလုပ်အကိုင်များတွင် နှစ်ပဲတပြားလစာမဟုတ်ပဲ ထိုက်တန်သော အာဆီယံ၊နိုင်ငံတကာလစာ ရနိုင်ပါစေ။ အလုပ်များလည်းပေါပါစေ။ အထူးကားများ များလာပါသည်။ ၂၀၀၊၃၀ဝ ပေးစီးရသော်လည်း ရိုးရိုးကားနှင့်မထူးပါ။ ကျပ်ညပ်သပ်နေပါသည်။ ထိုင်ခုံများကျပ်လွန်း၍ ထိုင်ရအဆင်မပြေပါ။ လူပိုတင်၍ရဲတားလျှင် ၁၅၀ဝ ပေးလျှင်အဆင်ပြေပါသည်။ စပယ်ယာကိုယ်တိုင်ပြောပါသည်။ ထိထိရောက်ရောက် အရေးယူလို့မရပါ။ အုံနာက လူကြီးများ၊ […]