လင်းဝေNovember 21, 20111min27428
ဒီခေါင်းစဉ်တွေ့လို့ မြန်မာပြည်က သတင်းစာတွေ ပေါက်ကရ လျှောက်ရေးပြီး မဟုတ်တမ်းရားတွေ ဖော်ပြနေလို့ ကိုင်ပြီးရင် မသတီချင်စရာကြီးမို့ လက်ဆေးခိုင်းတယ် ဆိုပြီး အဆိုးမမြင်ကြပါနဲ့။ အဲသလို ပြောလိုရင်း လုံးလုံးမဟုတ်ရပါ။ သတင်းစာထဲပါတာတွေက အမှန်တွေလား အမှားတွေလား သုံးသပ်ပြဖို့ ဒီစာကို ရေးတာမဟုတ်ရပါကြောင်း လေ့လာစောင့်ကြည့်နေသူများကို ဦးစွာပထမ ရှင်းပြပါရစေ။ သတင်းစာ ဆိုတာ စာရွက်ပေါ်မှာ မှင်နဲ့ ရိုက်ထားတာပါ။ ( မောင်ရင်ပြောမှလား လို့ အထွန့်တက်ရင် တက်ခွင့်ပြုပါတယ်။ ) မြန်မာပြည်က သတင်းစာများ ( အစိုးရထုတ်သော သတင်းစာများ ) သည်လည်း နယူးစ်ပရင့်လို့ ခေါ်တဲ့ စာရွက်အမျိုးအစားပေါ်မှာ ကာဗွန်ဘလက်ပါဝင်တဲ့ မှင်အမျိုးအစားများနဲ့ ရိုက်နှိပ်ထားတာပါပဲ။ ပုံမှန်မှာတော့ မြန်မာ သတင်းစာက အဖြူအမဲပါ။( အခု မြဝတီ သတင်းစာကတော့ […]