မမေလးMarch 13, 20111min1626
အလုံမီးပွိုင့်မှာပါ မီးပွိုင့်မိနေတုန်း ကလေးလေး တစ်ယောက် သုံးတန်းကလေး အရွယ်လောက်ပေါ့  စံပယ်ပန်းလာရောင်းပါတယ် … ဒါနဲ့ သနားလို့ဆိုပြီး ၅၀ဝ ဖိုး ဝယ်ပြီး ပန်းကို မယူတော့ဘူးလို့ ပိုက်ဆံက မုန့်ဝယ်စားလိုက်လို့ပြောတော့ ကလေးလေးက ပြန်ပြောပါတယ် … ပန်းလေးယူသွားလိုက်ပါတဲ့ … ပန်းကိုမယူတော့ဘူး ပိုက်ဆံလည်းပြန်ပေးစရာ မလိုုဘူးလို့ ထပ်ပြောလိုက်ပါတယ် … ကလေးလေးက ငိုမဲ့မဲ့နဲ့ပြောပါတယ် ။ ယူသွားလိုက်ပါအစ်မရယ်တဲ့ ။ ဘာလို့လဲလို့မေးလိုက်တော့ … သားတို့ကို ပန်းမကုန်ရင်ပြန်မလာနဲ့လို့ပြောထားလို့ပါတဲ့ … မီးပွိုင့်ကလည်း စိမ်းနေပြီဆိုတော့ ပန်းလေးကို ယူခဲ့လိုက်ပြီး ပန်လိုက်ပါတယ် … ကလေးလေး ကောင်မလေးတစ်ယောက်က ဟိုဘက်ကားလမ်းမှာရောင်းနေပါတယ် ။ ညဘက် ရး၃ဝ ၈ နာရီလောက်ပေါ့ … ကလေးလေးတွေ သနားပါတယ်နော် … […]