black chawMarch 8, 20121min21714
မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။ စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ […]