black chawOctober 28, 20121min35321
ကမ္ဘာသိ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့တာတဲ့ ကျောင်းဒကာကြီးတို့ရေ…။ မအ အောင် သမိုင်းကို လေ့လာတာပါ တဲ့…။ ခင်ဗျားတို့ရော သမိုင်းကို ဘယ်လောက်လေ့လာထားမိကြပါသလဲ…။ ဘလက်ကြီးကတော့ သမိုင်း ကိုကျော်ပြီး ခဝဲခြံအလွန်က စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးအထိ လေ့လာခဲ့ဘူးပါတယ်တဲ့…။ နောက်တာပါဗျာ…။ လေ့လာရုံလေးနဲ့တော့ နေရာကျလိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး…။ သမိုင်း ထဲက အမှားမျိုးတွေကို မကျူးလွန်မိအောင် သင်ခန်းစာယူတတ်ဖို့က အဓိကကျပါတယ်…။ သမိုင်း ကို သင်ခန်းစာမယူတတ်ကြသူတွေထဲက တစ်ယောက်ကို ဆွဲထုတ်ပြပါဆိုရင်တော့… အာဏာရှင်ဟစ်တလာ ကိုပဲ ပြရတော့မှာပဲ…။ ဟစ်တလာဟာ ပြင်သစ်စစ်သူကြီး နပိုလီယန် ကျူးလွန်ခဲ့တဲ့ သမိုင်းထဲက အမှားကြီးကို သင်ခန်းစာမယူမိလို့ ရုရှားနိုင်ငံရဲ့ပျင်းထန်တဲ့ ဆောင်းရာသီအောက်မှာ စစ်ရှုံးခဲ့ရတာကတော့ ထင်ရှားပါတယ်…။ ပြောသာပြောရတာပါ… ဟစ်တလာဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီးတစ်ယောက် ပြင်သစ်စစ်သူကြီးနပိုလီယန်အကြောင်း ကြားမှ ကြားဖူးလေရဲ့လားမသိ…။ ထားလိုက်ပါ… […]