နွေဦးMarch 30, 20121min1356
ဒီရက်ထဲ ဖတ်မိတဲ့ စာတချို့ ထဲက ကောင်းတာလေး တွေ့လို့ အားလုံးဖတ်ရအောင်..စာမြည်းပေးလိုက်ပါတယ် ။ ရှေးရှေးတုန်းက ဆရာကြီးဇီဝကဆိုတာ ရှိတယ်။သူဟာအလွန်တော်တဲ့ဆရာကြီးပါ။ သူနေတဲ့ရွာထဲမှာ ဦးတုတ်ကြီး ဆိုတဲ့လူကလဲနေသတဲ့ ။ ဦးတုတ်ကြီးမှာ ချောင်းဆိုးသွေးပါ ရောဂါရှိတယ် ။ သူက သူ့ရောဂါကို ဆရာကြီးဇီဝကဆီ သွားပြတယ် ။ ဆရာကြီးကစစ်ဆေးပြီး ဆေးတွေပေးလိုက်တယ် ။ ဦးတုတ်ကြီးဟာ ဆေးရတော့ ဝမ်းသာအားရနဲ့ အိမ်ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့ အိမ်သားတွေကို ဆေးတွေ ပြတယ် ။ နောက်ရွာနီးချုပ်စပ်ကလူတွေကိုလည်း ပြတယ်။ နောက်ဆုံး သူကြီးကိုလည်းပြသတဲ့ ။ ‘မင်းဆရာကဘယ်သူလဲ’ ‘ဆရာကြီး ဇီဝကပါ ‘ ‘ဒါတွေဟာ ဘာတွေလဲ’ ‘သူပေးလိုက်တဲ့ ဆေးတွေပါ’ ‘မင်းရောဂါ ပျောက်ပြီလား’ ‘မပျောက်သေးပါ’ ‘သက်သာလား’ ‘မသက်သာပါ’ […]