winkyawaungFebruary 13, 20131min790
ဇန်နဝါရီ(၁၂) ရက်နေ့ နံနက်(၉း၃၀)နာရီ မှ နေ့လည်(၃း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမတွင် သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပကြောင်း မြန်မာပို့စ် မှသတင်းရရှိသည်။ အဆိုပါ ညီလာခံအား ကံမမြို့နယ် NLDပါတီ ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် တို့ အဖွဲ့က ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ကြီးကြပ်ရေးအဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးအေးမြင့်၊ ဒေါက်တာခင်မောင်အေး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် NLDပါတီ ဒု ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ သရက်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင် တို့အဖွဲ့ တက်ရောက်ကြောင်း သိရသည်။ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရာတွင် ညီလာခံသို့ […]