thihayarzarSeptember 7, 20111min640
စက်တင်ဘာလ ၃၊၄ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မေတ္တာရှင်(ရွှေပြည်သာ) သုဒ်ဓဝိပသာနာ ရိပ်သာမှာ ဆရာတော်ဦးသုမင်္ဂလ ဦးစီးဦးဆောင်ပြုပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းများကို ဖိတ်ကြားပြီး စုံနံ့သာမြိုင် ပရဟိတအသင်းများ နှီးနှောဖလှယ်ပွဲနှင့် သာသနာ့အကျိုးတော်ဆောင် သုမင်္ဂလာအသင်း ဖွဲ့စည်းတည်ထောင်ရန် တတိယအကြိမ် ဆွေးနွေးခြင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ် ……. အစည်းအဝေးသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပရဟိတအသင်းပေါင်း ၇၀၈ သင်းတက်ရောက်ပြီး ဧည့်ပရိသတ်ပေါင်း (၃၀၀၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ….. အစည်းအဝေးကို သက်တော်ရှည်ဆရာတော်ကြီးများ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် အရှင်ဇဝန ၊ တွံတေးဆရာတော်၊ ရွှေညဝါဆရာတော် ၊ကသာဆရာတော်၊ကျိုတ်ထိုဆရာတော် နှင့် တစ်ခြားဆရာတော် သံဃာတော်အပါး ၁၀၄ ပါးတက်ရောက်ခဲ့ပါတယ် … ရန်ကုန်နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်အဖွဲ့ စာရေးဆရာများ မောင်ဝံသ၊မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် တစ်ခြားစာရေးဆရာများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ….. […]