manawphyulaySeptember 15, 20111min28326
ကျောင်းထဲရောက်တော့ ထုံးစံအတိုင်း မရိုက်ပဲမနေနိုင်လို့ ဘွဲ့နှင်းသဘင်ခန်းမ မျက်စောင်းထိုးက အသီးတွေ ပြွတ်သိပ်သီးနေတဲ့ အပင်တစ်ပင်ကို တွေ့ရပါတယ်။ ကွမ်းသီးပင်လားဆိုပြီး သေချာကြည့်တော့ မဟုတ်ပြန်ဘူး။ ဘာပင်ပါလိမ့် အသီးတွေကလည်း ပြွတ်သိပ်သီးပြီး အခိုင်လိုက်ထွက်နေတာတွေ့ရတဲ့အတွက် လက်တည့်စမ်းလာခဲ့မိပါတယ်။ သိတဲ့သူရှိရင် အပင်အကြောင်းလေး ပြောပြပေးစေလိုပါတယ်။ ဘာအပင်ဖြစ်တယ်ဆိုတာရယ် ဘာအသီးတွေလည်းဆိုတာလည်း သိချင်ပြီး ဘာလုပ်ရင်အသုံးဝင်မလဲဆိုတာသိချင်ပါတယ်။