etoneOctober 5, 20101min650
ခုခေတ် ယောက်ျားမိန်းမများသည် သိသလိုလို မသိသလိုလိုနဲ့ ကျူးလွန်မိသော အပြစ်များတို့ ရှိပေလိမ့်မည်။ ထိုအပြစ်များစွာရှိသည့်အထဲမှ လူ့လောက လူ့ကျင့်ဝတ်နဲ့လည်းမညီ လူသားတို့ အများဆုံးမုန်းတီးရွံ့ရှာကြသည့် ကာမဂုဏ်မှားယွင်းမှုအကြောင်းများကို သိရှိနားလည်အောင် တင်ပြပေးချင်ပါသည်။ ယခုခေတ်တွင် နိုင်ငံတိုင်း၌ မေထုန်မှုပြုလုပ်ခြင်းကို ခေတ်စားနေလောက်အောင် လူသားတို့စိတ်တွင် အာရုံပြုကျုးလွန်းနေကြသည်ကို စာဖတ်သူတို့ မြင်ဖူးကြားဖူးပေလိမ့်မည်။ ခေတ်ကာလသည် ကိလေသာများ များပြားလာသောခေတ်လာလဖြစ်လာသည့်နဲ့အမျှ လူသားစိတ်တို့တွင် ကာမစိတ်များ မွန်ထူလျက်ရှိနေကြပေသည်။ ထို့တွင် မိန်းကလေးများနှင့်ကောင်လေးများ မသိသလိုလို သိသလိုလိုနဲ့ ကျူးလွန်နေသောအပြစ်များသည် ကြာလေဆိုးရွားစွာဖြစ်လာလေဟု ထင်မြင်မိပါသည်။ ထိုသို့ပြုမှုခြင်းများသည် သိရဲ့သားနဲ့ လုပ်တာလား မသိလို့များ လုပ်နေကြတာလားဟု စဉ်းစားမရ၍ မေထုန်မှုကိစ္စများနဲ့ပတ်သတ်သော သိသင့်သော အကြောင်းအရာများကို အနည်းငယ်တင်ပြပေးလိုက်ပါသည်။ အိမ်ထောင်ရှိပြီးသားသူများက ကျန်တစ်ပါးသူနဲ့ ကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၍ အပြစ်ရှိတယ်ဆိုတာ သိပေကြလိမ့်မည်။ သိရက်နဲ့ မိုက်တာသာ ဖြစ်ပေမည်။ […]