manawphyulayJuly 14, 20101min903
ငွေ၏အသုံးတည့်မှုက တိုး၍သာလာနေတော့သည်။ ရှေ့ကိုရောက်လေ အရေးပါလာလေဖြစ်နေဦးမည်။ ငွေအကြောင်း စဉ်းစားမိတိုင်း ငွေထည့်ပြောသော စကားတွေ ၊ ငွေတွေဖြင့်လိမ်းကျံနေသော မြင်ကွင်းတွေ ၊ ငွေကြောင့် လမ်းချော်တိမ်းမှောက်ကုန်သော တစ်သုတ်ပြီးတစ်သုတ်၊ တစ်ယောက်ပြီးတစ်ယောက် လမ်းချော်ထွက်သွားသော ရထားတွဲနှယ် ဘေးရောက်ကုန်သည့်မြင်ကွင်းတွေ ခေါင်းထဲဝယ် အတွေးပုံရိပ်တွေအဖြစ် တရိပ်ရိပ်ဖြတ်ပြေးနေသည်။ လူသည် ငွေနှင့်ဖက်မွေးလာရသည်။ ထို့အတူ လူသည် ငွေနှင့်ကြီးထွား ဖွံ့ဖြိုးကာ ရှင်သန်လာရသည်။ ထို့အတူ လူသည် ငွေနှင့်ဖက်ကာ အသက် ပျောက်ရပြန်သည်။ ထိုလူသည် သူ့နေ့စဉ်ဘဝတလျှောက် ငွေကိုကြည့်ကာ ငွေနှင့်ဆက်စပ်နေသောကြောင့် ငွေလူသား ငွေအထိန်းအချုပ်အောက် နစ်မြုပ် နေတော့သည်။ ထိုက်သင့်သည်ထက် ပိုမိုလွန်းသော ငွေတွေက လူ တွေတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်သည်။ ထိုက်သင့်သလောက်ပိုပင် မရသောအခါ ငွေကလူကို သတ်ပြန်သည်။ လူသည် ငွေကိုချစ်လာသည်မှာ ငွေသည် […]