snowJanuary 22, 20111min862
လူထုဒေါ်အမာ ရေးခဲ့တဲ့စာလေးပါ ကျမတို့အားလုံးအတွက် အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်) စာရေးချင်တယ်ဆိုတဲ့ မြေးလေးဆီသို့ အဘွားဆီကို မြေးမလေးတစ်ယောက်က စာရေးလာပါတယ်။ သူ့စာက အဘွားရယ် အဘွားစာရေးလာတာကြာလှပြီဆို။ ဘာတွေရေးတာလဲ။ ကျမလည်း အဘွားလို စာရေးတတ်ချင်ပါတယ်။ စာရေးဆရာတစ်ယောက် ဖြစ် ချင်ပါတယ်။ကျမကို သင်ကြားပေးပါလားရှင်တဲ့။ ဒီမိန်းကလေးလို အမေ့ဆီစာရေးသူတွေက တစ်ယောက်မကဘူး။ တော်တော်များပြီ။ လူငယ်တွေ စာရေးချင်စိတ်ပေါက်ကြတာ ဝမ်းသာစရာကောင်းပါတယ်။ အမေတို့ငယ်ငယ်တုန်းကနဲ့ မတူဘူး။ အခုခေတ်မှာ ရေးစရာအကြောင်းအရာတွေကလည်း အများကြီး။ ရေးစရာနေရာတွေလည်း အများကြီး ရှိလာတယ်။ စာရေးကြတဲ့ ကလောင်သစ်တွေလည်း အများကြီးပေါ်လာတယ်။ ဒါဟာ တို့လူတွေအတွက် ကောင်းတဲ့လက္ခဏာပေါ့။ အမေ့ကို အဲဒီမိန်းကလေးလို မေးလာမယ်ဆိုရင်တော့ အမေက ကိုယ့်မြေးကလေးတစ်ယောက်လို ရင်းရင်းနှီးနှီးပဲ ဖြေချင်တယ်။ မင်း စာရေးချင်တယ်ဆိုတာ ဘာလို့လဲ။ အဲဒီအမေးကို ကိုယ့်ဘာသာ ဖြေကြည့်စမ်းပါ။ […]