manawphyulayAugust 13, 20101min1579
ခေတ်မီတာလား၊ ခေတ်ဆန်တာလား၊ ခေတ်လွန်တာလား လက်ရှိဖက်ရှင် ရေစီးကြောင်း အဆိုးအကောင်းနှင့် သူတို့အမြင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆိုသည်မှာ ယနေ့ကမ္ဘာတွင် စိတ်ပါဝင်စားမှု၊ တီထွင်ဖန်တီးမှု၊ အတုယူပျံ့နှံ့မှု များပြားသော ဘာသာရပ်တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ရွာထဲတွင် တိုးတက်လာသည့် နည်းပညာ၊ ပျံ့နှံ့လွယ်သည့်မီဒီယာ၊ ဖလှယ်လာသည့် ယဉ်ကျေးမှု စသည်တို့၏ နောက်ဆက်တွဲအဖြစ် ဖက်ရှင်ရေစီးကြောင်းသည်လည်း အကြောင်းအရာတစ်ခု အသွင်ဖြင့်စီးမျောလျက် ရှိပြန်သည်။ ယင်းသို့ ပါဝင်စီးမျောကြရာ၌ နေရာ ဒေသ၊ ယဉ်ကျေးမှုအခြေခံ၊ ထိန်းသိမ်းရမည့် ရိုးရာတို့ အခိုင်အမာရှိသည့် မြန်မာအနုပညာရှင်များနှင့် လူငယ်များအနေဖြင့် မိမိတို့ဝတ်စားဆင်ယင်မှုများအား မည်သို့စံနှုန်းများနှင့် ဝတ်ဆင်ဖန်တီးမည်၊ မြန်မာအမြင် မြန်မာမျက်စိဖြင့် မြန်မာမိန်းကလေးတစ်ဦး အသွင်မပျောက်သွားစေရန် ယနေ့ဖက်ရှင် ရေစီးကြောင်းအတွင်း မည်သို့စီးမျောကြမည် ဆိုသည်ကို မြန်မာဖက်ရှင် ဒီဇိုင်နာအချို့နှင့် အနုပညာရှင်အချို့ ပြောပြခဲ့သမျှမှာ . . […]