သူတောင်းစားနဲ့အတူတူ သီချင်းတွဲဆိုဘူးပါသလား ကျွန်တော် ကိုယ်တိုင်ကတော့သူတောင်းစား တစ်ယောက် မဟုတ်ဘူးဗျ ။အင်း…….. သူတို့လင်မယားသုံးယောက်နဲ့ အတူ သီချင်းတွဲဆိုဘူးတယ် ဗျ ..။။ လင်မယားသုံးယောက်ဆိုလို့ တစ်မျိုးမထင်လိုက်နဲဗျ ဒီကောင်က သူတောင်းစားသာဆိုတယ် မိန်းမနှစ်ယောက်ယူထားတာလေ  သူနဲယူထားတဲ့ကောင်းမလေးတွေက ငယ်ငယ်လေးတွေဗျ အသက် ရှိမှ ဆယ့်ငါးဆယ့်ခြောက် ပေါ့ သူကလဲ ခပ်ငယ်ငယ်ပါပဲ သူအသက်ကတော့ နှစ်ဆယ် လောက်ရှိမယ်ထင်တယ် ပထမ စပြီယူထားတဲ့မိန်းမကြီးနဲ့က ခလေးတစ်ယောက်မွေးထားတယ်လေ သူနာမည်က“““မောင်ကို”””တဲ့..ခြေထောက်လေးတစ်ဖက်က နည်းနည်းတော့ ဆာတာတာနဲ့ပဲ သူ့မိန်းမနှစ်ယောက်နာမည်တော့ မမှတ်မိတော့ဘူးဗျ မောင်ကိုဟာ မြန်မာပြည် အနှံအပြားမီးရထားနဲ့သွားလို့ရတဲ့နေရာမှန်သမျှ မြိ့ရွာတွေမှာ သူမနေဘူး မရောက်ဘူးတဲ့မြို့ မရှိသလောက်သလောက်ပါပဲ ယခင် ငယ်စဉ်ကတော့ သာမန် သူတောင်းစားတစ်ယောက်လို့ တောင်းစားခဲ့တာပါတဲ့ ဒါပေမယ့် သူဟာ သူလုပ်နေတဲလုပ်ငန်းအပေါ်မှာ တိုးတက်ခြင်စိတ်တော့ရှိတယ်လို့ပြောရမယ်ဗျ… သူတောင်းလို့ရသမျှထဲက ပိုက်ဆံကိုစုပြီး..စဉ်အိုးလေးတွေဝယ် ထီးရွက်စုတ်တွေလိုက်ကောက် […]