etoneSeptember 23, 20104min1104
သူများ က share လို့   တင်ပေးလိုက်တာပါ ။ ဒါမျိုးတွေလည်း လုပ်လို့ရပါလားဆိုတာအခုမှသိတယ် ။ ကမာ္ဘ အရပ်ရပ်တွင် အစားအသောက်များကို လှလှပပ ဖြစ်စေရန် ဒီဇိုင်းပြင်ဆင် ဖန်တီးကြရာ အချို့သော အစားအစာများသည် လက်ရာမြောက်လှသော အနုပညာပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို အံ့ဩဖွယ် မြင်တွေ့ကြရသည်။ ၎င်းတို့အနက် ဖရဲသီးဖြင့် ဖန်တီးထားသော အရုပ်များမှာ အထူးသဘောကျဖွယ် ကောင်းလှသည်။ အနုပညာရှင်တို့သည် ဖရဲသီးကို အသုံးပြု၍ သစ်သားနှင့် ကျောက်ဆစ် ပန်းပု လက်ရာ ကဲ့သို့သော အနုပညာမြောက်လှသည့် ဖရဲသီး ပန်းပု များဖန်တီးနိုင်ကြသည်။ သို့သော် နှမြောဖွယ်ကောင်းသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိသာ တာရှည်ခံနိုင်ခြင်းဖြစ်သည်။ ကမာ္ဘတစ်လွှားရှိ သဘောကျဖွယ် ဖရဲသီး ပန်းပု ပညာများအား ခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။