fattyFebruary 14, 20111min1468
တနေ့ကမှ ကျနော် အိမ်ဘေးက ဆိုင်မှာထိုင်ပြီးမုန့်စားနေတုန်း လူတယောက်ရုတ်တရက်ဝင်လာပြီး ဝမ်းသာအားရနှုတ်ဆက်ပါတော့တယ်။ ကျနော် custom က ကိုသိန်းလွင်တို့အဖွဲ့ကလေတဲ့။ ရုတ်တရက်တော့နဲနဲကြောင်သွားတယ် သူပြောတဲ့နံမယ်ကမရင်းနှီးဘူး။ ဒါပေမဲ့သူ့ကို မြင်ဖူးသလိုလိုတော့ရှိတယ်ထင်လိုက်မိတယ်။ လူ့ဘဝသက်တမ်းတော်တော်ဖြတ်ကျော်ခဲ့ပြီ မြင်ဘူးသလိုလိုဖြစ်တာမဆန်းပါဘူး အဲဒါအားနည်းချက်ပါ။ သူကစကားတွေခရားရေလွှတ်တတွတ်တွတ်ပြောတော့တယ်။ ကျနော်တို့လဲ ဟိုရောက်ဒီရောက်တွေ ရောက်ကုန်တာပါဘဲဗျာတဲ့။ ဘယ်တုန်းကပြန်ရောက်လဲတဲ့ ကျနော်တို့လိုက်ပို့ကြတာလေတဲ့။ ကျနော်လဲအပြေးအလွှားစဉ်းစာတယ် ..။ ကိုသွားတာရောသူများသွားတာတွေလိုက်ပို့ ရတာရော ရောထွေးကုန်တယ်။ ကျနော့အမေတောင် ဆာကူရာမှာဘဲ အဆုပ်ကင်ဆာနဲ့ဆုံးသွားပြီတဲ့။ တရင်းတနှီးပုံစံနဲ့ဆိုလာပြန်တယ်။ ဒါပေမဲ့ custom မှာ မိသားစုအကြောင်း ပြောရလောက်အောင် ရင်းနှီးသူတွေထဲမှာ သူမပါတာကိုတော့သတိထားမိလိုက်တယ်။ အဆင်လေးဘာလေးပြေရင်သူ့ကိုနဲနဲပါးပါးကူညီပါအုံးတဲ့။ ကျနော်ထင့်ကနဲတော့ဖြစ်လိုက်ပြီ။ ဒါနဲ့ ကျနော်ကလည်း ကျနော်ကိုယ်တိုင် ဆီးချိုသွေးတိုးနဲ့မို့ အလုပ်မယ်မယ်ရရ မလုပ်ဖြစ်တာကြာပြီဗျလို့ အားနာနာနဲ့ နဲနဲငြီးပြလိုက်တယ်။ ဟာ .. ဆီးချိုရှိနေရင် METFOMAN DENK ျမှန်မှန်သောက်လေတဲ့ […]