နွယ်ပင်June 24, 20111min22315
22 ရက်နေ့ ညနေမှာ IC show ပွဲရှိတယ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာတယ် နွယ်ပင်က IC ပွဲဆို အရမ်းကြိုက်ပြီး ကြည့်ချင်နေတာ ဒါပေမဲ့ လက်မှတ်ဈေးတွေက ကြီးတော့ သွားပြီးမကြည့်ဖြစ်တာ များတယ် ဒါပေမဲ့ ဒီတစ်ခါတော့ လက်မှတ်ဈေးကလဲ ဈေးသိပ်မကြိးတဲ့ အနေအထားဆိုတော့ ပွဲလုပ်မယ် ့နေ့ခင်းမှာပဲ ကြည့်မယ်ဆိုပြီး အသည်းအသန် သွားဝယ်ဖြစ်ခဲ့တယ် ပွဲစချိန်က ည (7း30) တဲ့ ဒါဆိုရင် အလုပ်က ပြန်မှာနဲ့ အတော်ပဲပေါ့ ညနေလဲရောက်ရော ရွာလိုက်တဲ့မိုးက ပွဲပျက်မလားတောင်ထင်ရတယ် ဒါပေမဲ့ နွယ်ပင်ပဲဟာ လက်မှတ်ဖိုးတော့ ဘယ်အရှုံးခံမလဲ သွားမယ်ဆိုပြီးရအောင်ထွက်ခဲ့တာပေါ့ မိုးရွာတာကိုအကြောင်းပြပြီး Taxi ဈေးတွေကလဲ ခေါင်ခိုက်လို့ အရင်ငှားနေကျထက် ပိုပေးပြီးငှားခဲ့ရတယ် သုဝဏရုံရှေ့လဲရောက်ရော လက်မှောင်ခိုတွေက (6000) တန်းကို (6000) […]