Ma EiMay 10, 20132min29917
အလွမ်းပြေ သင်္ကြန်စာ… သင်္ကြန်စာဆိုလို့ သိကြားမင်း ဆိုက်ဂျဲရိုးစီး စပါးနှံ ကိုင်ဆင်းတဲ့ အတွက် ဆန်ရေစပါးနဲ့ ကားတွေများမယ် ဆိုတာမျိုးဟောစာတမ်းမထင်နဲ့နော်…. မနက်စာ၊နေ့လည်စာ၊ညနေစာလိုမျိုး..သင်္ကြန်ရက်တွေမှာ ချက်ပြုတ်စားသောက်ကြတဲ့ အစားသောက် စားစရာလေးတွေပါလို့ ကြိုတင်ပြောထားပါရစေ… ဒီနှစ်သင်္ကြန်ကို သင်္ကြန်မုန့်လေးတွေလုပ် မိသားစုလည်းစား မိတ်ဆွေများလည်းဝေလို့ ခါတိုင်းနှစ်တွေလိုပဲ ဖြတ်သန်းခဲ့ပါတယ်။  MG ကမိတ်ဆွေများကိုလည်း သတိရမိတာမို့ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ရ ပါတယ်။ သင်္ကြန်တွင်းက စားစရာတွေကို သင်္ကြန်ပြီးမှ တင်ပေးလို့ ရွှေစိတ်တော်မညိုကြပါနဲ့ သင်္ကြန်အလွမ်းပြေ သင်္ကြန်စာ လေးတွေပါနော်… 1… ကျောက်ကြောကို သစ်ခွနံ့လေးထည့်၊ပင်ပွားလေးဖြူး ကျိုထားပြီး အေးတဲ့အခါ၊ ပြုတ်ထားတဲ့ အစိမ်းနုရောင်သာကူ၊ သကြားရည် အုန်းနို့ဆမ်းလို့ ချိုဆိမ့်မွှေး အေးအေးလေးစားစရာ  အုန်းနို့ကျောက်ကြော  …     2…ကောက်ညှင်းလေးလုံး၊ဆန်တစ်လုံး စာချိုးရှိတာမို့ အလွယ်တစ်ကူ […]