Khaing KhaingMay 10, 20121min31724
လူ့လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေဆိုတာရှိကြပါတယ် ………. လူ နဲ့ စိတ် … စိတ် နဲ့  လူ…. လူတွေအကြောင်းစိတ်တွေအကြောင်း ပြောကြည့်မယ် ကြုံဖူးခဲ့တောတွေပါ ဖတ်ဖူးခဲ့တာတွေတော့ မဟုတ် လက်တွေ့ဖြစ်တဲ့အတွက် စာတွေ့နဲ့တော့ ကွာချင်ကွာလိမ့် ……. ငယ်ငယ်တုန်းကသူငယ်ချင်း …….. နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် သိပ်ခင်ရတဲ့ သူငယ်ချင်းကိုခွဲရတော့မျက်ရည်ကျရတယ် ……. သူမကတော့ဒါတွေကိုမသိပါဘူး ကျွန်မက အစွဲအလမ်းကြီးတယ် လူတွေကိုခင်မင်လွယ်တယ် …. ဒါဟာကျွန်မရဲ့အားနည်းချက်ပဲ ……. မခွဲချင်ပေမယ့်လည်း အလယ်တန်းကျောင်းတက်တော့ သူနဲ့ကျွန်မခွဲရတယ် သူက “C”ခန်း ကျွန်မက “B”ခန်း ကျောင်းအသစ် ရောက်တော့လည်း အားလုံးကပျော်နေတာပေ့ါလေ… ကျွန်မကသူ့ကိုခင်တော့ သူ့အခန်းကိုနေ့ခင်းတိုင်းသွားဖြစ်တယ် သူမကတော့ အေးတိအေးစက်ပါပဲ ကျွန်မစိတ်ထဲ အရမ်းကိုခံစားရတယ် .. ဒီလိုနဲ့ ကျွန်မ ၆ တန်းတက်တော့ သူငယ်ချင်းမလေးနောက်အသစ်တစ်ယောက်ထပ်ရတယ် သူကကျွန်မကိုသိပ်ခင်တယ် […]