manawphyulayFebruary 20, 20111min821
အရှင်ဘုရား တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဟူသော စကားရှိပါသည်။ ယခုခေတ် ဘုရားပွဲတို့သည် ကုသိုလ်မရ၊ အပြစ်သာရှိ ပါသည် ဟု ပြောကြရုံမက အလှူလုပ်သော်လည်း အလှူမမည်၊ အကုသိုလ်ဖြစ်သည်ဟု လူအများပြောနေကြသော အလှူမမည်သော အလှူများအကြောင်း စာလာပေလာအတိုင်း သိလိုပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတဖြစ်စေ ရန် ဖြေကြားစေလိုပါသည်။ မောင်စောလှိုင် လမ်းမတော်၊ရန်ကုန်။ ပဉ္စဒါနာနိ အပုညသမတာန လောကသ္မိ ံ မဇ္ဇဒါနံ၊ သမဇ္ဇဒါနံ၊ ဣတ္ထိဒါနံ ဥသဘဒါနံ၊ စိတ္တကမ္မဒါနန္တိ။ ယခုခေတ်၌ ကုသိုလ်ကောင်းမှုဟု ပြောဆိုသတ်မှတ်၍ လှူဒါန်းနေကြသော်လည်း ကုသိုလ်ကောင်းမှုမဟုတ်၊ အကုသိုလ် အလုပ်သာဖြစ်ကုန်သော အလှူငါးမျိုးတို့ သည် ရှိကုန်၏။ ၎င်းတို့မှာ ယစ်မျိုးတို့ကို လှုဒါန်းခြင်း၊ ပွဲလမ်းသဘင် ကချေသည် ပျော်ရွှင်ပွဲတို့ကို ခင်းကျင်း လှူဒါန်းခြင်း၊ မိန်းမပျို […]