လေးဘက်လေတန် အလုံပိတ် အခန်းလေးအတွင်းမှာ ဂီတသံစဉ်တွေ ကျူးရင့်လို့နေတယ်။ ဒီအခန်းလေး အတွင်းမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံး တဒိတ်ဒိတ်လိုက်ခုန်နေလောက်အောင် ဂီတသံစဉ်တွေက ကျယ်ကျယ်လောင်လောင်ပေါ့။ တစ်ချက်တစ်ချက် မဆိုစလောက်လေး ဟနေတဲ့ အခန်းတံခါးဆီကနေ ပြင်ပ ပတ်ဝန်းကျင်ကို အဲဒီ သံစဉ်တွေ လွှင့်ပျံ့လာတတ်ပေမယ့် တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေး။ သူ့ ရင်ခွင်ကျယ်ကျယ်ကလေးကို မှီရင်း ရီမုတ်ကွန်ထရိုးတစ်ခုကိုကိုင်၊ လက်တစ်ဖက်ကတော့ ပန်းသီးစိတ်ကလေးတွေကို သူ့ပါးစပ်ဖျားဆီကိုအရောက်ပို့။ မျက်ဝန်းတွေက ရီဝေဝေဆိုတော့ အလင်းဖျော့ဖျော့ အခန်းလေးအတွင်းမှာ ဆန်ကျင့်ဘက်ဆွဲအားတွေနဲ့ မှိုင်းမိနေကြသလိုပေါ့။ တစ်ချက်တစ်ချက် သူ့လက်တွေ သူမရဲ့ ခန္ဓာကိုယ်လေးပေါ် ပွတ်သပ်ကစားတယ်။ အင်းလေ ခုချိန်မှာ သူမက သူ့ရင်ခွင်ထဲက အလှမွေးကြောင်ကလေးတစ်ကောင်။ ခံစားမှုကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာမှာ သခင့်အလိုကျ အလိုက်သင့်ကလေး စီးမျောကျေနပ်နေတယ်ဆိုတာ ပြရတယ်။ သူ့နှုတ်ခမ်းတွေ တီးတိုးတီးတိုးဆိုတယ်။ သူမ […]