ဂဇက်မြို့သူမြို့သားများအား တောင်းပန်ခြင်း ဂဇက်မှာ အခန်းဆက်တင်နေတဲ့ အဌမနေ့ ဘာသာပြန်အခန်းဆက်ကို ကျမ ဆက်မတင်နိုင်တော့ တဲ့အကြောင်း အသိပေးတောင်းပန်တာပါနော်။ အဲဒီအခန်းဆက်ကို တင်တာ ကျမမှာ ရည်ရွယ်ချက် ရှိတယ်။ ဝတု္ထက သိပ်ရှည်လွန်းတော့ (စာမျက်နှာ ၆ဝဝ လောက်ရှိလာနိုင်တယ်) ထုတ်ဝေသူ မကြိုက်ဘူး။ ဘာဖြစ်လို့ဆို စာအုပ်တွေက ၂၅ဝဝကျပ်တန် ပတ်ဝန်းကျင်လောက်မှ ရောင်းထွက်ပြီး ၄ဝဝဝကျပ်တန်လောက်ဖြစ်သွားရင် ရောင်းပန်းလှဖို့မလွယ်တော့ဘူး။ အရင်က ကျမစာအုပ်ဆိုရင် ထုတ်ဝေသူ က စာမျက်နှာ ၃၅ဝတော့ မကျော်ပါစေနဲ့လို့ ကြိုပြောထားတယ်။ အခု ဒီစာအုပ်ကြီးကို ကျမ ကြိုက်နေပြီဆိုတော့ ထုတ်ဝေဖို့ကလည်း မလွယ်တော့ ဂဇက်မှာပဲ အခန်းဆက်တင်မလို့ပါ။  အဲဒါကြီးကို ထုတ်ဝေသူက ထုတ်မယ်ဆိုတော့ ကျမ ဂဇက်မှာဆက်တင်လို့မဖြစ်တော့တာ နားလည်ပေးကြပါရှင်။ နောက်တစ်ချက်က ဝတု္ထဟာ လူသတ်မှုအကြောင်းဖြစ်ပေမယ့် ဒါက […]