ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။ အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ […]