koyin sithuDecember 29, 20111min21512
တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့် လွန်စွာခင်မင်ရင်းနှီးသော ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီး တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်…” ဟု နှုတ် ဆက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘဲသားကို အာလူးနဲ့ဆီပြန်ချက်မယ်ဗျာ၊ အရိုးပါကိုက်စားလို့ရအောင် နူး နေအောင် ချက်မယ်၊ ပြီးတော့ ဆေးဘဲဥသုပ်မယ်၊ အဲဒီဆေးဘဲသုပ်မှာ တရုတ်နံနံဖြူးမယ်၊ ပြီးတော့ ဝက်ရိုးနဲ့ ကျောက်ဖရုံသီး ဟင်းချိုချက်မယ်၊ ငရုပ်ကောင်းနိုင်နိုင်ခပ်မယ်၊ ငါးပိရည်၊ တို့စရာ မထည့်ဘူး၊ ကြက်သွန်ချဉ် ကောင်းကောင်းလုပ်မယ်၊ ပြီးတော့ အီကွေးနဲ့ရေနွေးကြမ်းကောင်းကောင်းတိုက်မယ်…” ဟု ကျွန်ုပ်ကပြော လိုက်လျှင် ကိုပီတာကြီးက.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြန်၍ ပြောပြန်လေ၏။ ထို့နောက် ကျွန်ုပ်သည် စာအုပ်အဟောင်းများကိုစု၍ စုတ်ပြဲနေသည့်နေရာများကို ကော်ကပ်၏။ အနှောင့်များကို […]