True AnswerAugust 2, 20111min953
– မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသောအမူအကျင့် ကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (သို့) ထိုအမူအကျင့်ကို စွန့်လွှတ်တတ်သည့် အတတ်ပညာကို ကောင်းမွန်စွာ သိနားလည်တတ်ကျွမ်းမှသာ အများကောင်းကျိုး လောကအကျိုးကို မှန်ကန်ထိရောက်စွာ စွမ်းဆောင်နိုင်ပေမည်။ – မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်ခြင်းအတတ်ပညာ (သို့) ဝိပဿနာဘာဝနာမယပညာဟူသည် – ဘဝ တွင် သိနားလည်ဖို့ရန် အရေးကြီးဆုံးဖြစ်လေသည်။ ဝိပဿနာဘာဝနာမယပညာဉာဏ် (သို့) မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ကပဲ …မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော အမူအကျင့် ကို ပျောက်ပျက်သွားစေရန် စွမ်းဆောင်ပါလိမ့်မည်။ (သို့) အတ္တကို ရှေ့တန်းတင်မှု အတ္တအယူ-သက္ကာယဒိဋ္ဌိကို ပြုတ်ထွက်သွားအောင် […]


True AnswerAugust 2, 20111min872
မိမိစိတ်ခံစားချက်များကို သာလျှင် အဟုတ်ထင် အတည်ယူ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသော ကာယကံမှု – ဝစီကံမှု များကို ပြုလုပ်မိကြကြောင်း ရှေ့ဆောင်းပါးတွင်ဖော်ပြပြီးဖြစ်လေသည်။ ——————————————————————————— တိုင်းပြည်ကောင်းကျိုး၊ အများကောင်းကျိုး မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ အများပြည်သူများ ကျန်းမာပျော်ရွှင်ရေး နှင့်တကွ ဘာသာရေး အကြောင်းများ၊ ကို်ယ့်ကျင့်တရား (သို့) စောင့်ထိန်းမှု ကျင့်ဝတ်စည်းကမ်းများ အကြောင်းများကျွန်ုပ်တို့အတွေ အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးလေပြီ။ သို့ရာတွင် လက်တွေ့တွင်မူ လောက ကောင်းကျိုး၊ လူသားများ ကောင်းကျိုး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ မဆိုထားဘိ လက်တစ်ဆုပ်စာ ကျွန်ုပ်တို ့၏ မိသားစု၊ နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးများနှင့်ပင် သဟဇာတ မဖြစ်၊ ရင်ထဲ နေ့စဉ်နှင့်အမျှ မကျေနပ်မှု၊ အစာမကြေမှု၊ […]