ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်… ၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။ ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့… ဒီကာတွန်းလေးထဲကအတိုင်းပေါ့   ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့.. အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..         နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့ ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့ သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ….. တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်… ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့ သူငယ်ချင်းတွေပွဲကျသွားပြန်ရော….         […]


ဂေဇတ် မိတ်ဆွေများရဲ့ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံအလှူနဲ့ပတ်သက်ပြီး လိုက်ပါခဲ့ကြတဲ့ အသီးသီးက အမှတ်တရ ဆောင်းပါးလေးတွေ၊ ဓာတ်ပုံဆရာတွေကလည်း လက်စွမ်းပြထားတဲ့ ရိုက်ချက်တွေကို ပို့စ်တွေ တင်ထားကြတာ အားရစရာကြီးဗျာ။ လိုက်ခဲ့သူတွေလည်း တသသ ပြန်ပြောဆို၊ မလိုက်ခဲ့နိုင်သူတွေက အားကျ နောက်တပွဲကို မလွဲစေရ ဆိုသူဆို..။ ကျနော်လည်း စကားခံထားတဲ့ အတိုင်း အလွဲကလေးတွေတင်အုံးမှာပေါ့။ တကယ်တမ်းပြောကြေးဆို ဦးဆောင်စီစဉ်ထားသူတွေရဲ့ စေ့စပ်သေချာ စေတနာပါတဲ့ ပြင်ဆင်မှုကြောင့် သိပ်ကြီးကြီးမားမား အလွဲရယ်လို့ မရှိခဲ့ပါ။ အားလုံးချောချောမွေ့မွေ့ ပျော်ပျော်ပါးပါး စိတ်လက်ချမ်းသာစွာ သာဓုခေါ်နိုင်ခဲ့တဲ့ အလှူခရီးပါ..။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ အလွဲလို့ မဆိုနိုင်တဲ့ တေ့လွဲကလေးတွေကိုပဲ ကျနော့မှာ ပြန်ပြောပြရမှာပါ..။ 30.4.2012 ညနေ ၄း၃ဝ နာရီ။ ရုံအဆင်းလက်မှတ်ထိုးပြီး ဆိုင်ကယ်နဲ့ အိမ်ကို အသော့နှင်.. […]