ကျွန်တော်ကျောင်းတော်ကြီးကိုမရောက်တာကြာပါပြီ…နှစ်ပေါင်းမနဲတော့ဘူး… ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အလုပ်သွားတိုင်း ကျောင်းတော်ကြီးရဲ့ရှေ့ အင်းစိန်လမ်းမကြီးအတိုင်း ဖြတ်သွားနေရတော့ ကျောင်းတော်ကြီးကို နေ့စဉ် မြင်တွေ့ခွင့်ရနေခဲ့ပါတယ်…ဖြတ်သွားတိုင်းလည်း မကြည့်ဘဲမနေနိုင်ပါဘူး.. ကြည့်မိတိုင်းလည်း တစ်နေ့တခြားဖုန်းဆိုးမြက်တွေထူထပ်လာနေတဲ့ ကျောင်းတော်ကြီးကိုကြည့်ပြီး နှမျှောတသလွမ်းမောရပါတယ်…ဒီလောက်ခန့်ခန့်ငြားငြား ပြည့်ပြည့်စုံစုံ တည်ဆောက်ထားခဲ့တဲ့ ကျောင်းတော်ကြီးကို ဘာလို့ပစ်ထားကြတာပါလိမ့်… နောက်…ယနေ့အင်ဂျင်နီယာကျောင်းတက်နေကြတဲ့ကလေးတွေ..ကျွန်တော်တို့သားသမီးတွေ ဘာကြောင့်ဒီကျောင်းတော်ကြီးကိုဝင်ခွင့်မရတာပါလိမ့်…ဘာကြောင့်များမြို့ပြင် လယ်ကွင်းတွေထဲထုတ်ပစ်လိုက်ကြတာပါလိမ့်…ဆိုပြီး..“ဘာလိမ့်”ပေါင်းများစွာနဲ့ စိတ်မကောင်းခြင်းများစွာနဲ့… စဉ်းစားလိုက်တော့မှ…အာဏာရူးလူတစ်စုရဲ့ အာဏာတည်မြဲရေးအတွက် တစ်တိုင်းပြည်လုံးကိုစံနစ်တကျအကွက်ချပြီး နှိပ်ကွပ်နေတာ အထူးသဖြင့် RIT ကိုပိုပီးအညှိုးထားနှိပ်ကွပ်နေတာ..ပေါ်လွင်လာတယ်.. ဘယ်သူပညာတတ်တတ်မတတ်တတ် သူတို့သားသမီးတွေကိုတော့ နိုင်ငံခြားတိုင်းပြည် တွေကိုပို့ပြီးကျောင်းတွေထား ပညာသင်ခိုင်း…အလုပ်လုပ်ခိုင်း…ဒါကိုက ကျုပ်တို့တိုင်းပြည်ပညာရေးဟာသုံးစားမရဘူးဆိုတာသူတို့သိပြီးသား…… ဆိုတာဝန်ခံနေသလိုဘဲ..တော်ပါပြီဗျာ…ဒါတွေပြောရင်မဆုံးနိုင်ပါဘူး….. ဒီနေ့ဂေဇက်ထဲဝင်ကြည့်တော့… ကျွန်တော်တို့ရွာသူ Ma Ma ရဲ့ RIT ဘာသာရပ်ပေါင်းစုံ ဆရာကန်တော့ပွဲ လာမဲ့ဒီဇင်ဘာလမှာ ကျောင်းဝန်းထဲကျင်းပမယ်လို့သိလိုက်ရလို့… ဝမ်းသာမိပါရဲ့…ကျောင်းတော်ကြီးကိုပိတ်ထားတဲ့အပြင် ဆရာကန်တော့ပွဲ တွေကိုတောင်ကျောင်းတော်ကြီးအတွင်းမှာကျင်းပခွင့်မပေးခဲ့ကြပါဘူး.. ဒါကြောင့်လည်းကျောင်းတော်ကြီးရှေ့ကသာဖြတ်သွားနေပေမဲ့..ကျောင်းထဲတော့ တစ်ခါမှမဝင်ဖြစ်ခဲ့ပါဘူး….. ဒီနေ့ (၂၆-၂-၂၀၁၂) နေ့မှာတော့တကူးတက […]