fattyOctober 3, 20101min1674
သတ္တဝါအပေါင်း ဘေးရန်ကင်းကြပါစေ။ ကျနော်ဖက်တီးလဲ အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းရပါလို၏။ ကောင်မလေးငယ်ငယ်ချောချာလေးများတွေ့သော် ကြည့်မိပါ၏ ။ဒီမှန်ကန်သောသစ္စာစကားကြောင့် ခြင်ထောင်မပါ စောင်မပါ သံမံတလင်းပေါ်မအိပ်ပါရစေနဲ့ဘုရား …….။ ရန်ကုန်မြို့ကြီးမှာ ရုပ်မြင်သံကြားဆိုတာလွှင်နေပြီးတော့ ..စစ်ကိုင်းတောင်ပေါ်မှာ tower တိုင်ထောင်ပြီး substation ဆောက်ပါတယ်။ ပြီးပြီဆိုတော့ ရေဒီယိုကရော tvကပါ အထက်မြန်မာပြည်ကိုစတင်လွှင့်တော့မယ့်အကြောင်း ကြေငြာလိုက်ပါတယ်။ တနင်္ဂနွေနေ့တရက်ပေါ့ … တနင်္ဂနွေဆို အဲဒီတုန်းက နေ့ခင်းပိုင်း ရုပ်ရှင်တကားကားလွှင့်တယ်လေ ..။ အဲဒီတနင်္ဂနွေက အစီအစဉ်တွေ ရှယ်ပေါ့ဗျာ …. လွှင်မဲ့ကားက ” မောင်တို့ချယ်ရီမြေ ” ။ အဲဒီတုန်းက တိပ်ခွေနဲ့လွှင့်တာဗျ။ အဲဒီကားလွှင်ဘို့အတွက်ကို စနေနေ့ကထဲကအပြီးပြင်ဆင်ထားရပါတယ်။ ပြင်ဆင်ပုံကတော့ဒီလိုပါ …။တိပ်ခွေထိမ်းသိမ်းရေးဌာနစိတ်ကနေ တိပ်ခွေတခွေထုတ်ရပါတယ်။ ပြီးတော့အဲဒီတိပ်ခွေထဲကို လွှင့်မဲ့ကားကူးထည့်ပေါ့ ..အလွယ်လေးပါ။ အဲဒီကားက ရှည်တော့ ၂ ခွေကူးရတယ်ဗျ ။ […]