အမှတ်တရ…ဇူလိုင်(19)။။။ မနက်ခင်း…. လမ်းမကြီးထက်မှာ……. လူတွေကလည်း ကိုသွားလိုရာနေရာအသီးသီးကို သွားနေကြတယ် ကားတွေကလည်း ဦးတည်ရာအသီးသီးအတိုင်းမောင်းနှင်လို့ မိုးဖွဲလေးတွေ တစ်ဖြောက်ဖြောက် ကျဆင်းနေတယ် ……. ကချင် လွယ်အိတ်ထဲက ကျောင်းစာအုပ် တနင့်တစ်ပိုးကြီးလွယ်လို့ အရောင်ပျယ်နေတဲ့ ကျောင်းဝတ်စုံလေးဝတ်ထားတဲ့ ကလေးငယ် လက်တစ်ဖက်က ကြက်ဆင်တံဆိပ် ဖဲထီးလေးကို ဆောင်းပြီး ကျောင်းရောက်အောင် ခပ်သုတ်သုတ် သွားနေတဲ့အချိန်………………………………. ဝေါ …….ဝေါ………စက်ရံကြီးရဲ ဥဩဆွဲသံ ပွမ်း…….ပွမ်း………………………….တီ….တီ………ကားတွေရဲဟွန်းသံ လမ်းမကြီးတစ်ဖက်က ချည်မျှင်နဲ့အထည် စက်ရုံကြီးက ဥဩ သံဟာ  နီးစပ်ရာပါတ်ဝန်းကျင်ကို စတင် ဖြိုခွင်းလိုက်…ဥဩသံ နဲ့အတူ  လမ်းမထက်ကကားတွေရပ့်တန့်သွားတယ်…. သူတို့ရဲ ဟွန်းတွေကို အဆက်မပြတ် တီးကြတယ်… ရေဒီယိုထဲမှာလဲ ဥဩ သံတွေ ထုတ်လွှင့်နေတယ်။။။။။။။ ဟို ခပ်လှမ်းလှမ်းက စက်ရုံကြီးတွေကလည်း ..အပြိုင် ဥဩ တွေ ဆွဲလို့ပေါ့။။။။။။။။ […]