စဆရ ႀကီးSeptember 4, 20121min1357
ယနေ့သည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လတစ်လ၏ (၄) ရက်မြောက်နေ့ဖြစ်သည်။ ဘာမှပိုထူးခြားလာခြင်းမရှိပေ။ ကောင်းကင်ကြီးများ ပိုမိုလှပလာလေသလား? ကျွန်တော်မော့ကြည့်လိုက်ပါ၏။ မထူးခြားပါ။ ကန္တာရ၏ နွေနေ့တစ်နေ့သာဖြစ်၏။ လူတွေများ အောင်ပွဲခံကြလေသလား? ကျွန်တော်ဝေ့ဝဲကြည့်လိုက်ပါ၏။ သွားမြဲလာမြဲ၊ နဂိုအတိုင်းပင်။ ဖွဘွတ်ပေါ်တွင် အထိမ်းအမှတ် စာပေများ ဖွဲ့နွဲ့ကြလေသလား? ကျွန်တော်ကွန်ပျူတာ ဖွင့်ကြည့်လိုက်၏။ မြင်နေကျသတင်းများပင် တက်လာပါ၏။ ပြောင်စပ်စပ်ပုံများ၊ ရည်းစားမွှန်နေသူများ၊ မုတ်ဆိတ်များ မျိုးဆက်ပြန့်ပွားခြင်းကို ကာကွယ်နေသူများ၊ လွှတ်တော်အတွင်း ခုံတစ်နေရာစာမြဲရန် စုပေါင်းရန်စောင်ကြသူများ၊ တစ်လုံးတည်းသော ဘောလုံးကို လုကန်ရင်း ဟိုဘက်ဒီဘက် အပြန်အလှန်သွင်းနေကြသူများ၊ Post အမျိုးမျိုးပေးပြီး ပုံအမျိုးမျိုး အရိုက်ခံနေသူများ၊ တစ်နေကုန်လုပ်နေသမျှ မနားတမ်း အသိပေးနေသူများသာ မြင်နေရလေ၏။ ထူးပြီးဆန်းမလာပါ။ ********************************************************************************** ကျွန်တော့်အတွက်မူကား…. သူမသည် တစ်ချိန်က ” မောင် ” ဟု […]