black chawJune 6, 20141min26752
ကျွန်တော် မှားခဲ့ဖူးပါတယ်။ အမှန်တော့ လူဆိုတာ မှားတတ်တဲ့ သတ္တဝါပဲဗျာ။ ဘာများဆန်းကြယ်နေပါသလဲ။ မှား ပြီးမှ အမှန်ကိုရတော့မပေါ့။ အဲဒီ ဒိုင်ယာလော့ခ် ကလည်း မှန် သလိုလို နဲ့ မှားနေပြန်ရောဗျို့…။ အမှားဆိုပေမယ့် မမှန်ဘူးလို့လည်း ပြောလို့ မရပြန်ဘူးဗျ။ အမှန်က မှား ခဲ့ပြီးပြီဗျာ။ နားလည်ရ ခက်သွားပါသလား ကျောင်းဒကာ။ ဒီလိုဗျ။ ကျွန်တော် ရွာထဲမှာ အမှား ဆိုတဲ့ ပို့စ်လေး တင်ခဲ့မိပါတယ်။ အကြောင်းအရာလေးကတော့ မှန် တယ်ထင်တယ်ဗျ။ ၁၉၉၅ လောက်က အမှားအပေါ် သဘောထားနဲ့ ဒီနေ့ခေတ် အမှားအပေါ်သဘောထားကို လူလယ်လိုလို ပေသီးလိုလိုနဲ့ နှိုင်းယှဉ်ပြလိုက်မိတာပါဗျာ။ အဲဒီပို့စ်မှာ တချို့ကလည်း အပျော် ကွန်းမန့်လေးတွေ ပေးကြပါတယ်။ ကောင်းပါတယ်။ ကျွန်တော့်ပို့စ်ကို ဝင်ဖတ်တဲ့သူတွေ ပျော်နေတာပဲ […]