ကို သာJuly 26, 20121min1558
လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကို ခေါင်းညှိမ့်သင် ခေါင်းညှိမ့်တတ်ယင် လူလိမ္မာပေါ့။ ။ လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကိုပညာသင် ပညာတတ်ယင် လူလိမ္မာပေါ့။ ။ အထက်ပါကဗျာနှစ်ပုဒ်ကိုယှဉ်ဖတ်ကြည့်ပါ။အပေါ်ကဆရာအောင်ပြည့်ရဲ.မူရင်းဖြစ်ပြီး လေးနက်မှုတွေ.ရပါသည်။အောက်က အယ်ဒီတာမင်းများ၏ ပြင်ဆင်ပြီး ထွက်လာသော အကြောက်တရားပြည့်နေသော ကလေးကဗျာဖြစ်ပါသည်။ ဪ…..မီဒီယာဆိုတာ ဒါပါလား။