manawphyulayAugust 2, 20112min20619
မနောတို့အိမ်မှာ အပင်စိုက်တာ ဝါသနာပါသလို အပင်တွေဝယ်တာလည်း အတော်ကို လုပ်ကြတဲ့မိသားစုဆိုလည်း မမှားပါဘူး။ အိမ်မှာက တွေ့တဲ့နေရာမှာ ကိုယ်လိုချင်တဲ့အပင်တွေ့တာနဲ့ဝယ်ဖြစ်ကြပါတယ်။ ပထမအပတ်ကတော့ နှင်းဆီပင်တွေဝယ်တယ်ပေါ့လေ။ ဟော ဒီအပတ်လည်းဝယ်ခဲ့တဲ့ အပင်တွေကတော့ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။ အိမ်ရောက်မှလည်း သိတော့ ဘယ်လိုမှသွားလည်းမပြောတော့ဘူးပေါ့လေ။ ဘာလို့တစ်ခါစားအတွက်ပဲ သူတို့လုပ်စားနေကြသလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။ အပင်ရောင်းတော့ အမြစ်ပါမှ တချို့အပင်တွေက ရှင်သန်တာရှိတယ်။ တချို့ကျတော့လည်း ကိုင်းပဲ စိုက်တာနဲ့ရှင်တာရှိတယ်။ ခုဟာက တမင်ကို ပင်ပန်းခံပြီးလုပ်ထားတာကိုအိမ်ရောက်မှသိရတယ်။ အပင်ပေါက်မဟုတ်ပဲ ကိုင်းကို ချိုးပြီး အမြစ်တွေပုံစံနဲ့တူတယ် အရာတွေနဲ့ အမြစ်တွေကို ဖွာထားပြီး ကြိုးနဲ့ပြန်ချည်ပြီး ရောင်းတာကို ဝယ်ခဲ့မိပါရောလေ… ဈေးနှုန်းလေးကတော့ သက်သာပါတယ်။ တစ်ထောင်ဖိုး သုံးပင်ဆိုတော့ အမယ် ဒီတစ်ခါ ဈေးသက်သာလှချည်လားပေါ့ ဝမ်းသာအားရနဲ့ဝယ်လာခဲ့မိတာ အိမ်ရောက်မှာ အိုးထဲပြောင်းစိုက်မယ်လုပ်မှ ရယ်ရမလို ငိုရမလို […]