တစ်နေ့တာအမောများ။။။။။ မနက်ထဲက အခြေအနေကမကောင်း…အိတ်စပိုစ် အတင်သင်္ဘော ကထွက်သွားပြီ..။။။ Buyer အတည်ပြု တဲ့ ကုန်ပစ္စည်းတွေရဲ့ Label တွေက သင်္ဘော ထွက်ပြီးကာမှ အကြောင်းကြားလာတယ်လေ မှားနေပါတယ်တဲ့ …ကောင်းကြရော သူဌေး နဲ့ ခေါင်းခြင်းဆိုင်ကြရပြီလေး ဘာလုပ်ကြမလဲ ပစ္စည်းဂျပန်ကိုရောက်ဘို့က အနည်းဆုံးရက်နှစ်ဆယ်ပစ္စည်းပေါင်းက (၈၀၀၀) တစ်ခုခြင်းဖွင့် ဖောက်ထုတ်ပြင်  ပြန်ပိတ်လုပ်ရမှာ ဂျပန်မှာပြင်ရင်ရော အလုပ်သမားခနဲ့မွဲရောပေါ့  သူတို့ဆီမှာက အချိန်ပိုင်းလုပ်သားခတွေက ဈေးကကြီးပါဘိ ဒါဆို ကွန်တိန်နာပြန်ပို့ …..။။ ဒါလဲမဖြစ်သေးဘူးဗျ return cargo  ပါမစ်ပြန်လျှောက်တာနဲ့ ပြင်ပြီးပြန်ပို့တာနဲ့ စရိတ်ကကာမိမှာမဟုတ်တဲ့အပြင် ပြန်လည်တင်သွင်းလာတဲ့စရိတ် ပြန်လည်တင်ပို့တဲ့စရိတ် တွေအပြင် လွယ်လွယ်ကူကူ ဆိုပြသနာမရှိ အချိန်ကြာနေမှ ဒုက္ခ ပဲလေ… ဘောစီက ဘာစဉ်းစားတယ်တော့မသိ ဂျပန်ကိုဒီကလူတွေသွားမယ် …..ဆုံဖြတ်ချက်ထွက်လာပြီ.။။။ အဲဒီနေ့ထဲက ရှုပ်လိုက်တဲ့အလုပ်ဗျာ ဟိုရုံးပြေး […]