ဆူးMay 6, 20111min1336
တနေ့ နယ်ဘက်ကို ခရီးထွက်သွားတော့ တည်းခိုတဲ့ အိမ်က ဒေသခံ အဘိုးအိုတယောက်နဲ့ စကားလက်ဆုံ ကျရင်းနဲ့ အဖြစ်အပျက် တခု ကို သူပြောပြခဲ့တယ်။ အလုပ်တူပေမဲ့ ကံမတူတဲ့ အကြောင်းပါ။ အဲဒီ အဘိုးက အသက် ၈ဝ ကျော်နေပါပြီ။ သူပြောတာ နားထောင်တော့လည်း ပုံပြင် တပုဒ်လိုပါပဲ။ ထို အဘိုးရဲ့ နာမည်က ဦးစံကျော် သူရဲ့ မိတ်ဆွေ ရဲ့ နာမည်က ဦးခွန်လုံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီခတ် အချိန်အခါက သူတို့တွေ ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပေါ့။ အသက်ကလည်း ငယ်ငယ် လုပ်အားကလည်း အလွန်ရှိ အားကောင်းမောင်းသန် လူငယ်များဖြစ်ကြပါတယ်။ တနေ့မှာတော့ ဦးခွန်လုံ က ဧရာဝတီ မြစ်ကြောင်းကို စုန်ကာ ဆန်ကာ ပြုလုပ်ပြီး […]