naywoon niMarch 31, 20111min20212
မတူကွဲပြားခြင်းတဲ့.လား.။ ကျွန်တော်က ဒီလိုမမြင်ဘူးဗျ.။ ကျွန်တော်တို့ နေရာဒေသဟာ ကမ္ဘာ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ အယူအဆ ၊အတွေးအခေါ် ယုံကြည်မှု အားလုံးကို လက်သင့်ခံထားတဲ့ နေရာဒေသ တစ်ခုလို့ပဲမြင်မိတယ်..။ ဘာကိုအဓိကထားလဲလို့ ပြောရအောင် လည်းမယ်မယ်ရရ ပြောလို့မရဘူး။ ရှေးထုံးမပယ်နဲ့ တဲ့ ။ ဒီစကားလုံးနဲ့ ချုပ်ကိုင်ထားပြီး ကိုယ့်အရင်က လုပ်ခဲ့သမျှ တွေးခဲ့သမျှှ အတွေးအခေါ်အယူအဆတွေကိုလည်း ပြန်လည်ဆန်းစစ်ခြင်းမရှိပဲ လက်ခံထားကြတာပဲ..။ နတ်။ဗေဒင်။နက္ခတ္တ..။လက်မလွှတ်ဘူး။ ဒီကြားထဲ ဘာဂန္ဓာရီ ညာဂန္ဓာရီ ဝင်လာသေးတယ်။ ဝိဇ္ဖာမှာ လိပ်စာမရှိဘူးဆိုလည်း ယုံလိုက်တာပဲ။ ပြီးတော့ စာကလေးဗေဒင်ဆိုလည်း လာဦး ထဲက..။ နောက်ရှိသေးတယ်..။ ဂဏန်းဗေဒင်တဲ့..။ ဟော ထီဗေဒင်တဲ့…။ ပေသီးနှိုက်တဲ့ ထီကိုတောင်ဗေဒင်က လက်မလွှတ်ဘူး။ ဟော ဘိုးတော်တဲ့ မယ်တော်တဲ့ လက်အုပ်လေးချီလို့..။ လာဦးမယ် အန်ကုံးတို့ […]