အာဂFebruary 18, 20141min1716
မျှော်လင့်ရင်းနဲ့ ငါးရှာထွက်ခဲ့ ဒါပေမဲ့….. ငါးမရခဲ့ပါဘူး…။ ရေချိုးပြီးပြန်မလို့ ကြည့်လိုက်တော့ … ရေတွေလည်း ခန်းခြောက်ပေါ့…..။ သို့သော်….. ကန်သင်ရိုးနားက ပေါက်နေတဲ့ ကန်စွန်းရွက်လေးတွေကိုတော့ ခူးယူပြန်ခဲ့…။ ဘဝဆိုတာ တစ်ခါတစ်ခါ…ငါးပိရည်တစ်ခွက်အတွက် အတို့အမြုတ်တစ်ပွဲဖြစ်ခဲ့…တယ်။ ဝန်ခံချက်။ ။လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ချာတိတ်အတွေးနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နည်းနည်းတော့ ပေါတောတောဆန်နေပါလိမ့်မယ်။