SonnySeptember 17, 20111min1597
  ဒီနေ့ ကျွန်တော်ကဗျာစပ်ကြည့်ပါရစေ။ အာရုံရတာနဲ့။ သည်းခံပါ။ ကျွန်တော်ကဗျာဆရာမဟုတ်ပါ။  ၁၇-၉-၂၀၁၁ “ ဧရာဝတီမြစ်မင်း” ငါ့အမှား ဘာများရှိသလဲ။ ငါ့အရှုပ် ဘာများလုပ်မိသလဲ။ ငါ့ရာဇဝင် ဘာဘဝင်မကျတာလဲ။ ငါ့သမိုင်း ဘာများရိုင်းမိသလဲ။ ငါ့တိုင်းပြည် ဘာ မထီမဲ့မြင်လုပ်ခဲ့မိသလဲ။ ငါ့အသွေး ဘာမှမတွေးနဲ့  မြန်ပြည်သားအားလုံးကောင်းဖို့အတွက်။ ငါ့ဘာသာ ငါ စီးဆင်း ငါ့ခရီး ငါသွား ငါ့သားများကောင်းဖို့အတွက် ချည်းပါ။ ငါ့ ကျေးဇူးတွေ မကန်းနဲ့ ငါ့အတွက် ငါ့အသက် ငါ ကာကွယ် ဖို့ သေနတ်မရှိ ဖိနပ်မရှိ ပါဝါမရှိ အာဏာမရှိ ငါ့သားများ ငါ့ကို ပြန်သတ် ကြတော့မှားလား ကယ်ပါအုံး ဧရာဝတီ သခင် ကိုထူးအိမ်သင် ရေ…………….