ဟန်ဆောင်မှု အနုပညာ   ကျနော် ခုတလော အလုပ်လေးအားနေလေတော့ ဟိုတွေးဒီတွေး တွေးနေတယ်… ပထမတွေးမိတာ အလုပ်က လူတွေအကြောင်းပါ…။ သူတို့ဟန်ဆောင်ကြတယ်ဗျ…။ ကျော်သိတယ်…။ နောက်ကွယ်မှာသာ သေလောက်အောင်မုန်းပြီး ဆွေ့ဆွေ့ခုန်ဒေါပွကြပေမယ့် အဲ့လူရှေ့လဲရောက်ရော…အယ်..ငယ်ပေါင်းကြီးဖော်တွေ ခုမှပြန်တွေ့ကြသလိုလို၊ အနုပညာရှင်တွေလိုကို….ဟန်ဆောင်နိုင်ကြတယ်ဗျာာာာ.. အလုပ်မှာ ပြိုင်ဘက်က အနိုင်ရသွားလို့ နောက်ကွယ်မှာ ဝုန်းဒိုင်းကြဲသောင်းကျန်းဒေါမနသပွားကြပေမယ့် အဲ့ဒီလူရှေ့ရောက်တော့ မျက်နှာမှာ ဟန်ဆောင်ပြုံးတစ်ခု ကောက်တပ်ပြီး Congratulation ဆိုတဲ့စကားကို လှိုင်လှိုင်သုံးနိုင်ကြတယ်…အံ့တယ်ဗျာ… ထူးဆန်းနေတာက အဲ့ဒီလို ဟန်ဆောင်နိုင်တတ်ကြသူတွေဟာ အပေါ်ပိုင်း အထက်ပိုင်းက လူတွေများတယ်ဗျ…။ သူတို့ဟာသူတို့တော့ နေရာတစ်ခုရနေတယ်..အဆင့်အတန်းတစ်ခုရှိနေကြတယ်…အောင်မြင်နေကြတယ်… ဒါဆို…အထက်ပိုင်းရောက်နိုင်သည့် ပါဝင်ပစ္စည်းတစ်ခုဟာ ဟန်ဆောင်မှုအနုပညာများ ဖြစ်လေမလား….? ကောသလအိပ်မက်လို မကောင်းတဲ့လူဆိုးတွေဟာ အထက်ပိုင်းရောက်သွားကြတာလား….။ သူတို့ကို လူဆိုးလို့ပြောလို့တော့ ခင်ဗျားတို့ စိတ်မဆိုးနဲ့ဗျ…။ သူတို့တော်ရင်တော်မယ်..ရိုးသားမှုဆိုတာမရှိတော့တာတော့ အမှန်ပဲ…။ ဒါဆို ကျော်တို့အောင်မြင်ချင်ရင် အဲ့ဒီရိုးသားမှုဆိုတာကို […]