ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ.. တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ… ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ.. လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ… ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…   ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်… သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့ ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ် ကနေတွက်ရင် နှစ်ပေါင်း..၁၀ရ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…   နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့.. ပိတ်ရက်အတွက် ကြီးမိုက်ရဲ့ လက်ဆောင်ပါဗျာ.. အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။  


etoneNovember 19, 20101min873
ကမာ္ဘ့အရှားပါးဆုံးနှင့် ရှေးအကျဆုံးစာအုပ်တစ်အုပ်ဖြစ်သော ဘုရင် အာသာဧ။် ယိုချီဖောဂတ်ဂရေးဆိုသော စာအုပ်အား လေလံတင်ရောင်းချသည့်အခန်းနားကို လန်ဒန်မြို့အခြေစိုက် လေလံကုမ္ပဏီတစ်ခုတွင် ယခုနှစ်ကုန်ပိုင်း၌ ပြုလုပ်မည်ဖြစ်ပြီး အကြမ်းဖျင်းဈေးမှာ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖြစ်ကြောင်းသိရသည် ။ အဆိုပါစာအုပ်သည် ရှေးအကျဆုံးစာအုပ်ဖြစ်သည်နှင့် အညီ ယခုခေတ်ကဲ့သို့ပုံနှိပ်လုပ်ငန်းများမရှိသောကြောင့်လက်ရေးဖြင့်ရေးသား၍ လက်ဆွဲပန်းချီများဖြင့် အားဖြင့်ပုံဖော်ခဲ့ကြောင်းသိရသည် ။ စာရွက်အသုံးမပြုသေးသောကာလဖြစ်သဖြင့် သားရေပြားဖြင့်သာရေးသား၊ ရေးဆွဲခဲ့ကြောင်းသိရသည်။ —- စာတော်တော်ရေးချင်တဲ့လူပဲနော်…ဝါသနာထုံပုံရတယ် ။  ခဲရာခဲဆစ်တောင်ရေးရှာတယ် သားရေပြားပေါ်မှာ ကုတ်ခြစ်ပြီးရေးခဲ့တာ အခုတော့လည်း ပိုင်ဆိုင်ထားတဲ့လူတွေ အကျိုးဖြစ်ထွန်းတာပေါ့ ။