moonpoemApril 4, 20111min1038
ကျွန်မ သိပ်မကြာခင် သင်္ကြန်ဆိုတော့ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်ဖို ့ အိမ်ပြန်လက်ဆောင်ကြိုစုဆောင်းရတာတွေ၊ သူငယ်ချင်းတွေ ဆွေမျိုးတွေကို ဘာပေးရင် ကောင်းမလဲဆိုပြီး လက်ဆောင် ကြိုဝယ်ရတာတွေနဲ ့ အလုပ်ရှူပ်နေရပေမယ့် ကျွန်မသိပ်ပျော်နေပါတယ်။ ညအိပ်ရင်လည်း အင်း အိမ်ပြန်ရင် အားရှိအောင် အိပ်ထားဦးမယ် ပေါ့။ ရုံးရောက်ရင်လည်း ဘာရယ်မသိတက်ကြွနေပြီးတော့ အလုပ်လုပ်ရတာ အင်နာဗွန်စီ မသောက်ရဘဲ လန်းဆန်းလို ့နေပါတယ်။ အရင်ကဆို မနက်မိုးလင်းရင် ရုံးမသွားချင်ဘူး ခွင့်ယူလိုက်တော့မယ်ဆိုပြီး တွေးမိတာအကြိမ်ကြိမ်။ ရုံးရောက်ပြန်တော့လည်း သာမန်ပါပဲ ပေါ့ပေါ့ပါးပါးလည်း မဟုတ် လေးလံထိုင်းမှိုင်းတာလည်း မဟုတ်ဘဲ စိတ်ထဲမှာ နေ ့တိုင်း ဒီ သံသရာထဲမှာ လည်နေရတဲ့ လူသားတစ်ယောက်ဆိုုပြီး စိတ်ကုန်နေသလိုပါပဲ။ အခုကျွန်မလန်းဆန်းနေတော့ တွေးမိတာ ငါအခုလို ပျော်နေတာက ငါ့မှာ အိမ်ပြန်ရမယ် ဆိုတဲ့ […]