alinsettAugust 25, 20142min17714
ဪ… လူရယ်လို့ ဖြစ်လာတာနဲ့ သေမိန့်က ကျထားပြီးသား။ တစ်နေ့ သေရမယ် ။ ဘယ်နေ့လဲ..ဆိုတာသာ သေချာ မသိတာ… ။ ဒါပေမယ့် သေချာ တိတိကျကျသိထားပြန်ရင်လည်း မျှော်လင့်ချက်ဆိုတာတွေ ရည်မှန်းချက်ဆိုတာတွေ မရှိတော့ဘဲ ငါ ဟိုနေ့ သေရမှာ… မသေခင်လေး လုပ်ချင်တာတွေ လုပ်သွားဥိီးမှ ဆိုပြီး…ထင်ရာစိုင်းမိမယ်ထင်ရဲ ့ ။   (အသိနဲ့ ပညာ မြင့်မြတ်သူတွေကတော့ မသေခင်လေး… လောကကို လုပ်ပေးသင့်တဲ့လှပမှုတွေ လုပ်ပေးသွားဦးမှ ပေါ့…လေ။ တစ်ရက် တစ်မနက်လောက်ပဲ နေရတော့မယ်ဆိုရင်တောင်  အကျိုးရှိရှိ နေသွားမယ်ဆိုသူတွေလည်း …ရှိမှာကိုး ။) နေမယ့်အပိုင်းက ထားပါလေ… ။     ပြောချင်တာလေးက… သေမယ့်ကိစ္စ ။   လူရယ်လို့ ဖြစ်လာတဲ့အခါ တစ်နေ့…အိုရမယ်… […]