အောင် မိုးသူSeptember 2, 20152min4754
လွန်ခဲ့တဲ့ သုံးလေးရက်က ဒန်ဒရိုဘီယမ်သစ်ခွအကြောင်း ရေးပြီးတဲ့အခါမှာတော့ ဒီတစ်ခေါက် လိပ်ပြာသစ်ခွအကြောင်းကို ဆက်ရေးပါဦးမယ်။   လိပ်ပြာသစ်ခွလို့ ဆိုလိုက်တာနဲ့ သိတဲ့သူတွေလည်း သိကြမှာပါ။ နာမည်ကြီးတယ်။ အပင်က ပုသလောက် အပွင်းကလှတယ်။ အပွင့်ရဲ့ ပွင့်ဖတ်တွေက လိပ်ပြာတောင်ပံလို ခပ်ဝိုင်းဝိုင်းနဲ့ အရောင်အသွေးအစုံရှိတယ်။ ပွင့်ဖတ်ထူထဲတယ် တော်ရုံမညှိးဘူး။ လိပ်ပြာသစ်ခွကို Phalaenopsis လို့လည်းခေါ်တယ်။ တလောက ကိုဂီရဲ့ လိပ်ပြာသစ်ခွ ဓာတ်ပုံတွေ တွေ့လိုက်သေးတယ်။   စိုက်ပျိုးမှု ၊ ပျိုးခံ   သစ်ခွတွေရဲ့ ထုံးစံအတိုင်း အုန်းခွံ ၊ မီးသွေးနဲ့ ရေညှိတို့ကို ပျိုးခံထားပါတယ်။ အိုးနဲ့စိုက်ကြသလို အပင်ပေါ်တွင်လည်း ကပ်ကာ စိုက်နိုင်ပါတယ်။   ရေပေးဝေမှု   ရေစီးရေလာကောင်းတဲ့ပျိုးခံဖြစ်ရပါမယ်။ ကြပ်သိပ်နေတာမျိုးဆို မကောင်းပါဘူး။ ရေလောင်းလိုက်တာနဲ့ အောက်ကို […]


သစ်ခွကို တစ်ပင်နှစ်ပင် ဒါမှမဟုတ် အပင် (၄၀) (၅၀)ခန့် စစစိုက်တဲ့ အချိန်မှာ ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ အဲ့ဒါဟာ လူဆယ်ယောက်မှာ ကိုးယောက်လောက် ကြုံကြပါ တယ်။ အဲ့ဒါကို သင်ခန်းစာယူပြီး ဆက်လက်စိုက်ပျိုးရင် အောင်မြင်နိုင်ပါတယ်။   အိုးလဲခြင်း   ကိုယ့်ရဲ့ သစ်ခွပင်ဟာ ပျိုးစာတွေ ဆွေးလာမယ် ၊ အပင်တွေဟာ အရမ်းများလာပြီး အိုးအပြင်ကိုထိုးထွက်နေပြီဆိုရင်တော့ အိုးလဲဖို့အချိန်ရောက်ပါပြီ။ အိုးလဲတော့မယ် ဆိုရင်တော့ အောက်က ပျိုးခံအဟောင်းတွေကို တတ်နိုင်သလောက် ကုန်အောင် ဖယ်ပါ။ ဆွေးနေတဲ့အမြစ်တွေကို ခပ်ကြမ်းကြမ်းလေး ဖယ်ရှားပေးပါ။ အားလုံးသန့်ရှင်းပြီးရင်တော့ မှိုဆေးကျဲကျဲဖျော်ထားတဲ့ ဇလုံထဲမှာ (၁၅)မိနစ်လောက်စိမ်ပါ။ စိမ်ပြီးရင်တော့ မစိုက်ခင် အပင်ကိုခြောက်သွေ့အောင်ထားပြီး စိုက်ပါ။ အိုးအသစ် ပျိုးခံအသစ်နဲ့မို့ အပင်ကို ငြိမ်အောင် ဥယောင်ပင်စည်ကို ချိတ်ထားတဲ့ သံကြိုးနဲ့ဖြစ်ဖြစ် […]


ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။ ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့ ရတတ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း အလွန်ဂရစိုုက်ရတဲ့မျိုးမဟုတ်လား။   တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့ ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။   အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင် ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ ဪ ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။   ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။       […]


လွန်ခဲ့တဲ့တစ်ပတ်က ဧရာဝတီတိုင်းဖက် ရေကြည်မြို့ကို ရေဘေးအလှူ  သွားခဲ့တုန်းက ကျတော်မေ့လျော့ နေတဲ့ ပန်းပင်လေးတစ်ပင်ကို မှတ်မှတ်ရရ ပြန်တွေ့ခဲ့တယ်။ ခတ္တာပေမယ့် သူ့ဝတ်ဆံဟာ ဆနွင်းမှုန့်အရောင် စွန်း၊ ရနံ့ကလည်း သိပ်မမွှေးတာမို့ လူတွေ သိပ်နှစ်သက်ခြင်းမရှိတဲ့ ခတ္တာပင်ေးလတွေကို ပြန်လည်တွေ့ခဲ့ တယ်။   တစ်နှစ်မှာတစ်ခါသာပွင့်တဲ့ ခတ္တာမို့ သူလည်း သစ္စာရှိသေးပါလားလို့ ကြည့်ရင်း တွေးမိလိုက်တယ်။ ငယ်ငယ်က နားထောင်ဖူးခဲ့တဲ့ ခိုင်ထူးရဲ့  ‘ခတ္တာ’ဆိုတဲ့ သီချင်းထဲအတိုင်းပဲ ခတ္တာလေးတွေဟာ ဝါခေါင်မိုးနဲ့အတူ အရင်ကအတိုင်း အမြဲတမ်း ပွင့်ဆဲပဲဆိုတာ တွေ့လိုက်ရတယ်။ လေးကျွန်းကြာခိုင်း လီလီ တို့လို့ မလှပေမယ့် သူလည်း သူ့အလှနဲ့ သူမို့ အချိန်ခါမီ ဝါခေါင်မိုးနဲ့ လှမ်းလာနေပါပေါ့လား ခတ္တာရေ…..။ ‘ခတ္တာ’ တေးဆို – ခိုင်ထူး   […]