weiweiMarch 19, 20145min21612
ဒီရွာနဲ့ အကောက်တောင်နဲ့ မစိမ်းတော့ပါဘူး .. ပထမဆုံး ဆူးရဲ့ အကောက်တောင်ပို့စ်တင်ကထဲက သွားဖို့ စိတ်ကူးခဲ့တယ် .. မကြာသေးခင်က မနိုဗွီရဲ့ အကောက်တောင်ခရီးစဉ်တွေ့တော့ သွားချင်စိတ် ထပ်ပေါက်ပြီး တကယ်သွားဖြစ်သွားပါတယ် .. သတင်းစာထဲမှာ အကောက်တောင်ခရီးစဉ် ကြော်ငြာတွေ တွေ့ဖြစ်ကြမှာပါ။ ၂၄ နာရီကြာတဲ့ခရီးစဉ်တစ်ခုဖြစ်လို့ အချိန်မရတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အစားအသောက်၊ စက်လှေခအပါအဝင် အားလုံး စရိတ်ငြိမ်းဖြစ်လို့ ပူပင်စရာမရှိ လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်။ ကျွန်မတို့အဖွဲ့က စုစုပေါင်း ၁ဝ ယောက်ဖြစ်နေတာနဲ့ ၁၂ ယောက်စီး ကားတစ်စီးနဲ့ သီးသန့်ခရီးစဉ်တစ်ခု စီစဉ်ပြီး သွားလိုက်တယ်။ ရန်ကုန်ကနေ ည ၁ဝ နာရီခွဲထွက်ပြီး ထုံးဘိုမြို့ ဆိပ်ကမ်းနေရာကို မနက်မိုးမလင်းခင် (၆ နာရီမထိုးခင်) ရောက်ပါတယ်။ နေထွက်ချိန်ကို စောင့်ကြည့်ခံစားပြီးမှ ၆ နာရီခွဲမှာ […]