thit minOctober 30, 20111min31726
လောကဓံတရားဆိုတာ အများသိပြီးသားပါဘဲဗျာ။ နဲနဲဆွေးနွေးကြည့်ချင်လို့ပါ။ အဲဒီလောကဓံဆိုတဲ့ စကားကိုစဉ်းစားမိတယ်။ ပါဠိလိုတော့မရေးတော့ဘူးနော်။မြန်မာလိုဘဲ ပြောရအောင်ပါ။ ၁.အခြွေအရံ/အပေါင်းအသင်း ရှိခြင်း(များခြင်း)၊ ၂.အခြွေအရံ/အပေါင်းအသင်း မရှိခြင်း(နဲခြင်း)၊ ၃.လာဘ်လာဘ(ငွေ၊အခွင့်အရေး၊အောင်မြင်ကျော်ကြားမှု စသဖြင့်)ရရှိခြင်း၊ ၄.လာဘ်လာဘ မရရှိခြင်း၊ ၅.ကဲ့ရဲ့ခံရခြင်း၊ ၆.ချီးမွမ်းခံရခြင်း၊ ၇.ချမ်းသာခြင်း၊ ၈.ဆင်းရဲခြင်း၊ ဘာသွားတွေ့လဲဆိုတော့ လူအချင်းချင်း တိုက်ရိုက်ကြီးပတ်သက်နေတဲ့အချက် တွေအများကြီးပါလားလို့စဉ်းစားမိတယ်။ ဒါဆိုရင်လောကဓံဖြစ်ရတဲ့အကြောင်းတရားတွေက (၁)ကိုယ် “လိုချင်တာ၊ရချင်တာ”အပေါ် ပြန်ပြီးတုန့် ပြန်ရတတ်တဲ့ (၂)ကိုယ့်ကြောင့်ဖြစ်ရတဲ့လူလုပ်ကပ်ဆိုးမျိုးလား၊ (၃)ကိုယ့်ပတ်ဝန်းကျင်ကဖန်တီးတဲ့(ကိုယ်လိုချင်သည်မလိုချင်သည်နဲ့မဆိုင်သော) လူလုပ်ကပ်ဆိုးမျိုးလား ဆက်တွေးမိသွားတယ်။ အဲဒီတော့ အဲဒီလောကဓံထဲကမကောင်းထဲ လေးပါး ကို လူလုပ်ကပ်ဆိုး (Man-made disaster)လို့ခနပြောင်းခေါ်မယ်ဗျာ။ ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊ ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊ ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။ လူတွေနဲ့အများကြီးတိုက်ရိုက်ပတ်သက်တာတွေတော်တောများပါတယ်၊အတွေးနယ်ချဲ့ကြည့်ပါ။ (၁)ကိုယ်လိုချင်တာရချင်တာ ဆိုတာကိုဆက်စဉ်းစားတော့ ငယ်ငယ်ကလေးဘဝတုန်းကရုပ်ရှင်ကြည့်ပြီးပြန် လာသလိုမျိုးလားလို့တွေးမိတယ်။ စူပါမန်းကြည့်ပြီးပြန်လာရင်စူပါမန်းလိုမိုးပေါ်မှာပျံချင်တယ်။ ဂျက်ကီချန်းကားကြည့်ပြီးရင်တော့သူ့လိုဖိုက်တတ်ချင်သွားရော။ ချမ်းသာကြွယ်ဝမှုတွေပါတဲ့ရုပ်ရှင်မျိုးကျတော့ကိုယ်လဲအရမ်းချမ်းသာချင်ပြန်ရော ဆိုတာမျိုးလိုပေါ့နော်။ […]